Skip to content
Salons10
ENDH

ENDH

ဘုရားကြီးလမ်း ရခိုင်ပိုက်ဆပ်, Kyaukpyu Beauty, cosmetic & personal care

#instock#ကျောက်ဖြူမြို့တွင်းdeli freeပါ ကိုယ်စားလှယ်များဖိတ်ခေါ်ပါတယ်ရှင့်

25/05/2022

Skincare ရောင်းနေသူတွေ အတွက် ရည်ရွယ်ပြီး
ဒီနေ့မှာ Allergy အကြောင်း နည်းနည်းလေး Sharing
လုပ်ပေးချင်ပါတယ်🤗🤗

ဒီနောက်ပိုင်းမှာ Skin Careကို စရောင်းလာသူတွေ
အရမ်းများပြားလာတဲ့အခါ customer တွေရဲ့ complaints တော်တော်များများဖြစ်နေကြတဲ့
မတည့်ဘူး ယားတယ် အဖုထွက်လာတယ်ဆိုတဲ့

ပြဿနာကိုတစ်ယောက်မဟုတ် တစ်ယောက် ကြုံနေရတာ တွေ့ရပါတယ်။🤐🤐

အခြေခံကျကျ ပြောရမယ်ဆိုရင်တော့ လူတစ်ယောက်နဲ့ တစ်ယောက်
Skin Type မတူကြတဲ့အတွက်Product ထဲမှာ ပါဝင်တဲ့ Ingredients ကို တုံ့ပြန်ပုံမတူနိုင်ပါဘူး😇😇

ဒါကြောင့် ဘယ်လို အခြေအနေမျိုး ကြုံတွေ့လာရင်
ဆက်မသုံးသင့်တော့ဘူးလဲ

Customer ကို ဘယ်လိုကြိုပြောထားရမလဲ ဆိုတာလေး
Knowledge အနေနဲ့ပြောပြပေးချင်ပါတယ်

Allergy တနည်းအားဖြင့် Hypersensitivity မှာ
အကြမ်းဖျင်းအားဖြင့်

1 ရုတ်တရက် ဖြစ်တာနဲ့
2 ဖြည်းဖြည်းချင်းစီ ဖြစ်တာလို့ ခွဲလို့ရပါတယ်

ရုတ်တရက်ဖြစ်တာကတော့ လိမ်းပြီးပြီးချင်းမှာဖြစ်ပေါ်ခံစားရပြီး
ဖြည်းဖြည်ချင်းစီဆိုတာက ၃ ရက်လောက်ကစပြီး
၁-၂ ပါတ်လောက်ကြာမှာ ဖြစ်ပေါ်ခံစားရတာမျိုးကို ဆိုလိုတာပါ

ဖြစ်တဲ့အချိန် ဘယ်လိုခံစားရမလဲ
- ယား
- ယောင်
- ရဲ
- ပူ စတာတွေ ခံစားရနိုင်ပါတယ်

ဒါ့ကြောင့် စသုံးတော့မယ်ဆိုရင် စမ်းသပ်ပြီး လိမ်းဖို့
အကြံပေးစေချင်ပါတယ်
မိမိတို့ရဲ့ နားအနောက်ဖက် အောက်လေးမှာ ကိုယ်သုံးမယ့်
Products လေးကို အရင်စမ်းလိမ်းကြည့်ပြီး နာရီဝက်လောက်
ထားပေးပါ။ အပေါ်မှာ ပြောထားတဲ့ အချက်လေးတွေ
မဖြစ်ဘူးဆိုရင်တော့ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါပြီ

စောစောက ပြောတာမျိုး ဖြစ်လာခဲ့ရင်တော့ လိမ်းတာကို ရပ်လိုက်စေချင်ပါတယ် ။
ကြာကြာလိမ်းလေ မျက်နှာ အရည်ပြားထိခိုက်မှု ပိုများလေ ဖြစ်မှာမို့ပါ။

ဒီအချက်လေးတွေ ကို အခြေခံပြီး customers complaintတွေကို ဖြေရှင်းပေးလို့ရပါတယ်
အားလုံးပဲ ကောင်းမွန်တဲ့ နေ့ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေ။
Skincare တွေလဲ ဒီထက်အများကြီးရောင်းကောင်းကြပါစေ

to original uploader

24/07/2021

နေရောင်ခြည်ကြောင့် အ‌သားအရေပျက်စီးခြင်းမှ ကာကွယ်နိုင်နိုင်ဖို့ အသားအရေနဲ့ နေရောင်ခြားမှာ အလွှာတထပ်ထပ်ခံထားဖို့လိုပါတယ်။

နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် UVA ကို အလင်းပြန်ခြင်းဖြင့် သက်သာစေနိုင်တာဖြစ်လို့ အပြင်ထွက်မယ်ဆိုရင် နေရောင်တိုက်ရိုက်မထိတွေ့စေနိုင်ဖို့ Snail Wish All in 1 Cream လေးကို လိမ်းပေးသင့်ပါတယ်။Snail Wish လေးက နေရောင်ခြည်မှ ထွက်လာတဲ့ အိုမင်းရင့်ရော်စေတဲ့ UVAကို အခိုက်အတန့်အားဖြင့် ကာကွယ်ပေးနိုင်ပါတယ်။

နေရောင်ထဲ အချိန်ကြာကြာ ထိတွေ့ရမယ်ဆိုရင်တော့ Snail Wish Cream လေးရဲ့အပေါ်မှာ Sun Cream လေးထပ်လိမ်းဖို့တော့ မမေ့နဲ့နော်။🤗
Snail Wish All in 1 Cream 50 g-29500Ks
00408648551

Alerts

Be the first to know and let us send you an email when ENDH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Kyaukpyu.