SHINE laundy service
ဥတ (၆၈)ကျောင်းတက်လမ်းရပ်ကွက်/စစ်တွေ, Sittwe 07011
Don't waste your time in washing. Just contact us! ����
For your skin for your age
02/11/2026
"ကိုယ်ပြင်လို့ရတာ ကိုယ့်စိတ်ပဲ"
***********************
စိတ်ချမ်းသာနေရင်
ကိုယ်ဖြစ်ချင်တာဖြစ်လာဖို့
အလားအလာ ပိုများပါတယ်။
စိတ်ဆင်းရဲနေလေလေ
ကိုယ်ဖြစ်ချင်တာဖြစ်ဖို့
အလားအလာ နည်းသွားလေလေပဲ။
တစ်သက်လုံး စိတ်ဆင်းရဲခံပြီး
လုပ်သင့်တဲ့ကိစ္စ မရှိပါဘူး။
ဘဝဆိုတာ
စိတ်ချမ်းချမ်းသာသာနေရမှ
နေရကျိုး နပ်ပါတယ်။
ကိုယ့်စိတ်ကိုပဲ
ကိုယ်ပြင်နိုင်တယ်။
ပြင်ပကိစ္စတွေဟာ
ပြင်လို့ရတာရှိမယ်။
မရတာလည်းရှိမယ်။
ကိုယ့်ဘဝမှာ
တွေ့သမျှလူတွေကို
ကိုယ့်အလိုကျဖြစ်အောင်
မလုပ်နိုင်ပါဘူး။
#တွေ့ရတဲ့အခြေအနေအားလုံးကို
ကိုယ်လိုသလိုဖြစ်အောင်
မလုပ်နိုင်ပါဘူး။
ကိုယ်ပြင်လို့ရတာ ကိုယ့်စိတ်ပဲ။
ဒါကြောင့် အရင်ဆုံး စိတ်ကိုပြင်ပါ။
#လောကဓံနဲ့တွေ့တဲ့အခါ
မတုန်လှုပ် မချောက်ခြားဘဲနေနိုင်ရင်
နေပျော်ပြီ။
အခု ခဏလေး
စိတ်ချမ်းသာအောင်နေပါ။
နောက်တခဏမှာလည်း
စိတ်ချမ်းသာအောင်နေပါ။
စိတ်ချမ်းသာအောင်နေတာကို
လေ့ကျင့်ပါ။
တစ်ခုခု လုပ်စရာရှိလာရင်
စိတ်ချမ်းချမ်းသာသာနဲ့လုပ်မယ်လို့ ကိုယ့်ကိုယ်ကိုကိုယ် သတိပေးပါ။
စိတ်ချမ်းချမ်းသာသာနဲ့လုပ်ရင်
အကောင်းဆုံးကိုရမယ်။
စိတ်ချမ်းချမ်းသာသာနဲ့ ပြောပါ။
စိတ်ချမ်းချမ်းသာသာနဲ့ပြောရင်
အကောင်းဆုံးကို ပြောနိုင်မယ်။
စိတ်ချမ်းသာအောင်နေတာဟာ
လူတွေကို အကောင်းဆုံးနည်းနဲ့
အကျိုးပြုတာပါပဲ။
#မေတ္တာဖြင့် Htun-စာပေ
26/10/2026
ရုပ်ပိုင်းဆိုင်ရာတွေလိုက်ရှာရင်း စိတ်ပိုင်းဆိုင်ရာတွေ ဆုံးရှုံးခဲ့ရတယ်
ကိုယ်လိုချင်တဲ့ အောင်မြင်မှုတွေ၊
ရုပ်ဝတ္ထုပစ္စည်းတွေကို နောက်ကလိုက်ရင်းနဲ့
အရေးကြီးဆုံးဖြစ်တဲ့
ကိုယ့်ရဲ့ စိတ်ချမ်းသာမှု၊ တည်ငြိမ်မှုတွေကို
တစ်စစီ ဆုံးရှုံးသွားဖူးကြလား။
လိုချင်တာတွေ လိုက်ရှာရင်းနဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်မတွေ့တော့တာမျိုး၊
အပြင်ပန်းကတော့
အရာရာပြည့်စုံနေသလို ထင်ရပေမဲ့
ရင်ဘတ်ထဲမှာတော့ အလွတ်ကြီးဖြစ်နေတာမျိုးကို
ကျွန်တော်တို့ အများကြီး ခံစားနေကြရတယ်။
ပိုက်ဆံတွေ ရှာနိုင်ဖို့၊
ရာထူးတွေ တက်ဖို့၊
လူအများကြားမှာ အသိအမှတ်ပြုခံရဖို့ဆိုပြီး
ပြေးလွှားနေရင်းနဲ့
ကိုယ်တိုင်က
အသက်မဲ့နေတဲ့ စက်ရုပ်တစ်ရုပ်လို ဖြစ်နေတာကို
သတိထားမိတယ်။
တကယ်တော့ ဘဝဆိုတာ
ပစ္စည်းဥစ္စာတွေ၊
ဂုဏ်ပုဒ်တွေချည်း
သက်သက်မဟုတ်ပါဘူး။
အောင်မြင်မှုဆိုတဲ့နောက်ကို
အရူးအမူးလိုက်ရင်းနဲ့
ကိုယ့်ရဲ့ စိတ်ခွန်အားတွေ
ပျော်ရွှင်ရမယ့် အချိန်တွေကိုပါ
ပစ်ပယ်ခဲ့မိတယ်ဆိုရင် အဲဒါ အရှုံးပါပဲ။
ရုပ်ပိုင်းဆိုင်ရာပြည့်စုံဖို့ ကြိုးစားတာ
မှားတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။
ဒါပေမဲ့ အဲဒီအတွက်နဲ့
ကိုယ့်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ၊
လူပီသမှုတွေနဲ့
စိတ်အေးချမ်းမှုကိုပါ
တစ်ပါတည်း ဆုံးရှုံးသွားပြီဆိုရင်တော့
ရလာတဲ့ အရာတွေက
တန်ဖိုးအရည်အသွေး နည်းပါးသွားပါလိမ့်မယ်။
ကိုယ့်ရဲ့ စိတ်ကို
အမြဲတမ်း ပြန်စစ်ဆေးပါ။
ပင်ပန်းလာရင်
ခဏရပ်ပြီး အသက်ပြင်းပြင်း ရှူပါ။
ဘာတွေပဲ ဖြစ်လာပါစေ၊
လောကကြီးထဲမှာ
အရာရာကို လိုက်ရှာရင်းနဲ့
ကိုယ့်ရဲ့ တန်ဖိုးအရှိဆုံးဖြစ်တဲ့
စိတ်နှလုံးသား အေးချမ်းမှုကိုတော့
ဘယ်တော့မှ အဆုံးရှုံးမခံပါနဲ့။
▪️ချမ်းမွန်
#စိတ်ခွန်အား #ဘဝတွေးခေါ်မှု
ဥတ (၆၈)ကျောင်းတက်လမ်းရပ်ကွက်/စစ်တွေ, Sittwe 07011
Don't waste your time in washing. Just contact us! ����
Sittwe
သာလီစွပါ စိတ်ဝင်စားမူအတွက်အထူးကျေးဇူးတင်ပါရေ
Sittwe/Rakhine, Sittwe
seinphyo cowdeys DHA-OMG-3 oline shop sittwe
Sittwe မင်္ဂလာပါMYOONLINESHOP&FOCUSBEAUTYPRODUCTမှကြိုဆိုပါတယ်
Sittwe
Be the first to know and let us send you an email when May Htwe Shin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
We will notify you when anything happens in Sittwe.